ရေးသား မှတ်တမ်းသူမရှိသည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားတော်လှန်ရေးနေ့။


ဒီနေ့ ၁၄ ရက်နေ့ သြဂုတ်လ ၂၀၁၁ ၊ မြန်မာသက္ကရာဇ် ဝါခေါင်လပြည့်နေ့ ၁၃၇၃ ခုနှစ် ၊ မွန်အမျိုးသား တော်လှန်ရေးနေ့ ဖြစ်ပါသည်။


ရေရေလည် ဝမ်းနည်းတယ်ဗျာ။ ဒီနေ့ မွန်လူမျိုးတွေ မွန်အမျိုးသားတော်လှန်ရေးနေ့ ကို ဘယ်နေရာမှာမှ မကျင်းပခဲ့ဘူးလားဗျာ။


မွန်သတင်းဌာနအကြီး နှစ်ခုစလုံးက တိတ်ဆိတ်နေတယ်။ ရေးစရာမရှိလို့လား ရေးသူမရှိလို့လားတော့မသိဘူး။ သတင်းထောက်တွေ ရှုပ်နေလား၊ တကယ်ပဲ မွန်လူမျိုးတွေ မကျင်းပကြတာလား၊ ရေးဖို့အစင်မပြေတာလား။ လားပေါင်းစုံပဲဗျာ။ တချို့လူတွေ သတိထားမိပါစဗျာ။

ရေးသူမရှိရင်လည်း ဒီမှာပဲ ကျနော်အနည်းကျဉ်းရေးချရတာပေါ့။

၁၉၄၇ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံ လွတ်လပ်ရေးစတင်ရရှိချိန်တွင် မွန်ပြည်နယ်ဟူ၍ အသိအမှတ် မပြုခဲ့ပေ။ ဗိုလ်နေဝင်း သတ်မှတ်ပေးခဲ့တဲ့ ယခုအမည်တွင်တဲ့ မွန်ပြည်နယ်ကို တနင်္သာရီတိုင်း (၁) ဟုခေါ်သည်။ သမိုင်းအစဉ်အဆက် ထင်ရှားခဲ့သော မွန်လူမျိုးကို ဖဆပလ အစိုးရ မှ လူမျိုးတမျိုးအဖြစ် အသိမှတ်မပြုခဲ့ပေ။ မြေပြန့်သားဆိုပြီ့ မွန်နှင့်ဗမာ အတူတူပင်ဖြစ်ကြောင်း ကုလသမဂ္ဂမှာ ကြေညာခဲ့သေးတယ်ဆိုပဲ။ (သမိုင်းကြောင်းအရ ကမ္ဘာ့ရန်သူလို သတ်မှတ်ခဲ့တာလားမသိပါ။)

ထို့ကြောင့် တက်ကြွနိုးကြားသော မွန်မျိုးချစ်လူငယ်များ စုစည်းပြီး ဥပဒေဘောင်အတွင်း မှ တောင်းဆို၍မရသည့်အဆုံးတွင် ဖဆပလ အစိုးရအား ရသည့်နည်းလမ်းဖြင့် လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ကြသည်။



ကောဇာသက္ကရာဇ် ၁၃၁၀ ခု ဝါခေါင်လပြည့်နေ့တွင် ယခုဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ ရဲစခန်းကို မွန်လူငယ်များ လက်နက်ဝင်ရောက် လုယူသည်မှအစပြု၍ မွန်တော်လှန်ရေး စတင်ဖြစ်ပေါ်လာခဲ့သည်။
ဒါကြောင့် "မွန်တော်လှန်ရေးအစ ဇာသပြင်က" မှတ်ယူလို့ရပါသည်။




"မွန်အမျိုးသားတော်လှန်ရေး အဓွန့်ရှည်ပါစေ"
ဟု မဆုတောင်းလိုပါ။
(တော်လှန်ရေးသက်တမ်း ရှည်ကြာနေတာ မကောင်းဘူး၊ လုံးပါးပါးကုန်တော့မယ်။)

"မွန်အမျိုးသားတော်လှန်ရေး အောင်မြင်ပြီးဆုံးပါစေ" ကိုသာ ဆုတောင်းချင်တယ်။ (ဒါမှ လွတ်လပ်ရေး မြန်မြန်ရမည်)

အများသူငါ ခေါ်ဆိုနေတဲ့ သမ္မတကြီးလည်း ဒို့တာဝန်အရေးသုံးပါးထဲက "ပြည်ထောင်စု မပြိုကွဲရေး" မူအတိုင်း တိုင်းရင်းသားတို့ရဲ့ ရပိုင်ခွင့်ကို ဆောင်ရွက်ပေးဖို့ အကြံပြုချင်ပါတယ်ဗျာ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ။


သုတေဇ

0 တၜ ပၚပဲါဟီုလဝ္ရ။:

Post a Comment

ဟီုဂလာန္ပၚပဲါ ဒှာဲဏအ္ညိ။